About Me

ကျွန်တော်လည်းခင်ဗျားတို့လိုလူ့ပြည်လူ့ရွာကိုအလည်လာတဲ့ခရီးသွားဧည့်သည်တစ်ယောက်ပါ။ အာရုံမှာပေါ်လာတာလေးတွေကိုဒီနေရာမှာပုံဖေါ်ကြည့်တာပါ။ အားလုံးကိုထားခဲ့ရမဲ့တနေ့ကိုမရောက်ခင်အထိခင်ခင်မင်မင်ပေါ့။

ကိုယ်နှင့်အမျှချစ်လိုက်ကြ

ဆက်စပ်နေတဲ့သဘောတရားလေးတွေကို သဘာဝကဖေါ်ပြနေတယ်။
ချစ်မေတ္တာမနောလေးတွေကို လူတွေမြင်တတ်ကြစေချင်တယ်။
လူပကတိအဖြစ်နဲ့အခြေခံအကျဆုံးရိုးရှင်းတဲ့အတွေးအခေါ်တွေကို လူတွေတန်ဘိုးထားနိုင်ကြပါစေ။



အခုလိုအရုပ်ပုံလေးနဲ့တကွဖေါ်ပြထားတာကြောင့် ကျွန်တော်ဘာအကြောင်းကိုပြောချင်နေတယ်ဆိုတာကို စာဖတ်သူများကြိုတင်သိနေမလားတော့မသိဘူး။ 
ဆန်းသစ်တဲ့အတွေးအခေါ်တွေဟာလူ့ဘောင်အဖွဲ့အစည်းရဲ့နေရာအတော်များများမှာနေရာယူနေကြသလို ကိုယ်သဘောကျလောက်တဲ့နည်းလမ်းဥပဒေသတွေဆိုလည်းမှန်သလားမှားသလားမသိအနောက်ကနေတရုံး
ရုံးနဲ့လိုက်နေကြတဲ့ဒီကနေ့လောက ကြီးကိုသေချာပြန်တွေးကြည့်ကြစေချင်တယ်။
မဖြစ်မနေကြောင့်နောက်ကလိုက်နေကြရတာကလည်းကြပ်တည်းတဲ့အခြေအနေတွေကြောင့်လို့ဆိုလည်းမမှားပါဘူး။  သို့ပေမဲ့မလုပ်သင့်တာလားမလုပ်ကိုမလုပ်ရမဲ့ဟာလားဆိုတာကိုဒီနေ့လူတွေအတော်များများကမဆုံးဖြတ်
နိုင်ကြတာတွေ့နေရပါတယ်။ဆက်စပ်နေတဲ့သဘောတရားတွေကိုဒီမြက်မြင်တလောကလုံးကသက်သေရုပ်ဝတ္ထုတွေကြောင့်သိနိုင်သလို
မမြင်နိုင်တဲ့ဝိညာဉ်လောကအထိဆက်စပ်နေကြတယ်ဆိုတာဘာသာတရားတိုင်းမှာလက်ခံထားကြတာပဲ။
ဒီကနေ့လူတွေကအရိုးဆုံးအခြေအနေတွေကိုလစ်လျူရှုချင်ကြတယ်။ ဝေးဝေးမကြည့်ပါနဲ့ကိုယ်နဲ့သက်ဆိုင်
သူဟာဘယ်သူတွေလဲဆိုတာကိုသာအရင်တွေးပြီးကူညီရိုင်းပင်းစေချင်တယ်။ စေတနာနဲ့မတန်တဲ့လူလို့ပြောမလား မကူညီသင့်ဘူးလို့သင်ပြောမလား ကူစရာမလိုဘူးလို့သင်ပြောမလား။ ကဲ ကောင်းပြီးဒါဆိုခင်ဗျားကကောဘယ်လိုလူမျိုးတွေကိုမှကူညီချင်တာလဲ၊ ဘယ်လိုဖြစ်နေမှကူညီသင့်တယ်လို့ထင်သလဲလို့ကျွန်တော်ကအရိုးရှင်းဆုံးမေးချင်ပါတယ်။ ကျွန်တော့အတွက်တော့ကိုယ်နှင့်စပ်ဆိုင်သူဟာဘယ်သူတွေလဲလို့တွေးလိုက်မိတိုင်း ဘယ်ဘာသာတရားကမှ မပညတ်ထားတဲ့ ဘယ်ဥပဒေသကမှမတားဆီးထားတဲ့ ဘယ်လိုလူတွေကမှမလုပ်နဲ့လို့မပြောမဲ့စေတနာပါလျှက်လုပ်စရာအလုပ်တွေကတပုံကြီးရှိနေတယ်။ စာဖတ်သူမိတ်ဆွေကော ဒီစာကြောင်းလေးတွေကိုဖတ်ပြီးသွားရင် ''ကိုယ်နှင့်စပ်ဆိုင်သူဟာဘယ်သူတွေလဲ'' လို့တွေးမိသွးရင်ကျွန်တော်ဒီစာလေးကိုရေးမိရကျိုးနပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment