စိတ်ထဲကစာတစ်စောင်
ငါတစ်နေ့ပြန်လာခဲ့မယ်
မင်းရှိတဲ့အရပ်ကို
တောတွေကိုရှင်း
ချိုင့်တွေကိုဖို့
ဆူးတွေကိုသင်
လမ်းစထွင်လို့
ရောက်အောင်ဆက်ဆက်လာခဲ့မယ်။
ငါတစ်နေ့ပြန်လုပ်မယ်
မင်းရှိတဲ့အရပ်က
ခွေးရူးတွေကိုသတ်
ဝက်နာတွေကိုသုတ်သင်
တိရိစ္ဆာန်ရိုင်းတွေကိုဆုံးမ
မျက်ကမ်းရမ်းခွပ်တွေကိုအတက်ချိုးဖို့
ဖြစ်တဲ့နည်းနဲ့လာခဲ့မယ်။
ငါတစ်နေ့ပြန်လာမယ်
မင်းရှိတဲ့အရပ်မှာ
လူကောင်းတွေကိုကယ်
လူဆိုးတွေကိုတရားစီရင်
လူမိုက်တွေကိုဆုံးမ
လူချွန်တုံးတွေကိုသမဖို့
တကယ်ဆက်ဆက်လာခဲ့မယ်။
ငါတစ်နေ့ပြန်လာမယ်
မင်းရှိတဲ့ငါ့ရေမြေ
အလှဝေစိုပြေစေဖို့
တူးသင့်ရင်တူး
ခုတ်သင့်တာခုတ်
လိုအပ်ရင်မီးရှို့ရှင်းဖို့
ဆိုက်ဆိုက်မြိုက်မြိုက်လာခဲ့မယ်။
ငါတစ်နေ့ပြန်လာမယ်
မင်းရှိတဲ့ငါ့ဌာနေ
ညက်ညက်ကြေပါစေ
ဟုန်းဟုန်းတောက်ပါစေ
ခဏတော့သည်းခံနေ
ထာဝရငြိမ်းချမ်းစေဖို့
အသက်နဲ့ရင်းဖို့ပြန်ခဲ့မယ်။
No comments:
Post a Comment