About Me

ကျွန်တော်လည်းခင်ဗျားတို့လိုလူ့ပြည်လူ့ရွာကိုအလည်လာတဲ့ခရီးသွားဧည့်သည်တစ်ယောက်ပါ။ အာရုံမှာပေါ်လာတာလေးတွေကိုဒီနေရာမှာပုံဖေါ်ကြည့်တာပါ။ အားလုံးကိုထားခဲ့ရမဲ့တနေ့ကိုမရောက်ခင်အထိခင်ခင်မင်မင်ပေါ့။

စိတ်ထဲကစာတစ်စောင်

စိတ်ထဲကစာတစ်စောင်

ငါတစ်နေ့ပြန်လာခဲ့မယ်
မင်းရှိတဲ့အရပ်ကို
တောတွေကိုရှင်း
ချိုင့်တွေကိုဖို့
ဆူးတွေကိုသင်
လမ်းစထွင်လို့
ရောက်အောင်ဆက်ဆက်လာခဲ့မယ်။


ငါတစ်နေ့ပြန်လုပ်မယ်
မင်းရှိတဲ့အရပ်က
ခွေးရူးတွေကိုသတ်
ဝက်နာတွေကိုသုတ်သင်
တိရိစ္ဆာန်ရိုင်းတွေကိုဆုံးမ
မျက်ကမ်းရမ်းခွပ်တွေကိုအတက်ချိုးဖို့
ဖြစ်တဲ့နည်းနဲ့လာခဲ့မယ်။


ငါတစ်နေ့ပြန်လာမယ်
မင်းရှိတဲ့အရပ်မှာ
လူကောင်းတွေကိုကယ်
လူဆိုးတွေကိုတရားစီရင်
လူမိုက်တွေကိုဆုံးမ
လူချွန်တုံးတွေကိုသမဖို့
တကယ်ဆက်ဆက်လာခဲ့မယ်။


ငါတစ်နေ့ပြန်လာမယ်
မင်းရှိတဲ့ငါ့ရေမြေ
အလှဝေစိုပြေစေဖို့
တူးသင့်ရင်တူး
ခုတ်သင့်တာခုတ်
လိုအပ်ရင်မီးရှို့ရှင်းဖို့
ဆိုက်ဆိုက်မြိုက်မြိုက်လာခဲ့မယ်။


ငါတစ်နေ့ပြန်လာမယ်
မင်းရှိတဲ့ငါ့ဌာနေ
ညက်ညက်ကြေပါစေ
ဟုန်းဟုန်းတောက်ပါစေ
ခဏတော့သည်းခံနေ
ထာဝရငြိမ်းချမ်းစေဖို့
အသက်နဲ့ရင်းဖို့ပြန်ခဲ့မယ်။

မီးလှုံတဲ့ရွာ

မီးလှုံတဲ့ရွာ

ရေခဲကျချိန်ဆိုစိတ်ညစ်နေရတယ်။အရင်တုန်းကဆိုရင်ရုပ်ရှင်တွေထဲမှာလိုဆီးနှင်းတွေကျပြီးအေးချမ်းနေတဲ့နေရာလေးမှာနေချင်လိုက်တာပေါ့။

မွေးမေကျေးဇူးဆပ်ဖူးချင်ပါသည်။



ကျွန်တော်အရမ်းပျော်ပါသည်။ကျွန်တော့ဘဝမှာဒီနေ့ဟာဆိုရင်ကြီးမားတဲ့အောင်မြင်မှု့ကြီးတစ်ခုကိုရရှိပိုင်ဆိုင်လိုက်နိုင်တဲ့တကယ်ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါသည်။ကျွန်တော့အမေဖြစ်စေချင်သလိုဆရာဝန်တကယ်ဖြစ်တဲ့နေ့ပါ။

ကလောမြို့လေးကိုလွမ်းတယ်

ကျွန်တော်နေခဲ့ဖူးတဲ့ကလောမြို့


တောင်ကုန်းထက်မှာဗိုလ်အိမ်လေးတွေနဲ့ဆိတ်ငြိမ်အေးချမ်းလှတဲ့ကလောမြို့ကိုယနေ့ထိတိုင်အောင်သတိရနေမိပါသည်။၁၉၉၀ခုနှစ်မှာကျွန်တော့်အမေဟာရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့တွင်ဆုံးပါးသွားပြီးတဲ့နောက်အဲဒီနှစ်အတွက်အလယ်တန်းစာမေးပွဲတစ်ခုကိုဖြေပြီးတာနဲ့ဒီကလောမြို့လေးကအမျိုးတွေဆီကိုကျွန်တော်ရောက်လာခဲ့ရတာပါ။အမေ့ကိုသတိရတဲ့စိတ်ရယ်အတူခင်မင်ရင်းနီးစွာပေါင်းသင်းလာခဲ့တဲ့သူငယ်ချင်းတွေနဲ့အထာကျနေပြီးဖြစ်တဲ့ဖယ်ခုံမြို့ကနေမထင်မှတ်ပဲထွက်ခွာခဲ့ရလို့အလွမ်းအဆွေးတွေကိုလက်ဆောင်အဖြစ်ရင်မှာပိုက်ရင်းကလောမြို့ကိုရောက်ခဲ့ရတာပါ။

ကိုယ်နှင့်အမျှချစ်လိုက်ကြ

ဆက်စပ်နေတဲ့သဘောတရားလေးတွေကို သဘာဝကဖေါ်ပြနေတယ်။
ချစ်မေတ္တာမနောလေးတွေကို လူတွေမြင်တတ်ကြစေချင်တယ်။
လူပကတိအဖြစ်နဲ့အခြေခံအကျဆုံးရိုးရှင်းတဲ့အတွေးအခေါ်တွေကို လူတွေတန်ဘိုးထားနိုင်ကြပါစေ။